မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၂
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ဆောင်ရွက်သည်။
အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်၊ ကျေးရွာများအလိုက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် မြို့ပေါ် (၁၃) ရပ်ကွက်နှင့် နီးစပ်ရာကျေးရွာများရှိ အခြေခံလူတန်းစားအိမ် ထောင်စုများထံသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေးအပ်ပြီး မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ၂၀၀၀ဝိ/- ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၉၂၂၄)စုအတွက် ထောက်ပံ့ကြေး ငွေစုစုပေါင်း (၅၈၄,၄၈၀,၀၀ဝိ/-) ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်အောင်(ပြန်/ဆက်)