ရှမ်းရွာသစ်၊ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်းလားမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးရန် ရည်ရွယ်၍ မိုးစပါးထုတ်လုပ်ငန်းထုတ်ဆောင်ရွက်သည့် တောင်သူများအား ဒုတိယအကြိမ် နိုင်ငံတော်မှပေးအပ်သောထောက်ပံ့ငွေများကို ယမန်နေ့က တောင်သူများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး ထုတ် လုပ်စိုက်ပျိုးရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် သွင်းအားစု၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များအား တောင် သူများ လိုအပ်သည့်ပမာဏကို အလွယ်တကူရရှိအသုံးပြုနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ စိုက်ဧကအပြည့်အဝအကောင်အထည်ဖော်နိုင်ရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူ များအပေါ် ထိခိုက်မှုမရှိစေရေးအတွက်ရည်ရွယ်ပြီး နိုင်ငံတော်မှ ယခုလိုထောက်ပံ့ကြေးပေးအပ်ရခြင်း ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားပြီးနောက် မဲသမူးကျေးရွာ၊ ကွီးလေးကျေးရွာနှင့် ကွမ်းတောကျေးရွာ တို့မှ မျိုးစေ့ထုတ်စိုက်ဧက (၂၈)ဧကအတွက် တစ်ဧကလျှင် ငွေကျပ် (၆၅၀၀၀)နှုန်းဖြင့် စုစုပေါင်း (၁၈၂၀၀၀၀) ကျပ်ကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)