သပိတ်ကျင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၂၇၄၈၀) စုအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀) နာရီခွဲအချိန်က သပိတ်ကျင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျိုက်မ​ရော မြို့မ​စျေးကြီးအတွင်း​ စျေးသူ​စျေးသားများနှင့် ​စျေးဝယ်သူများအား နှာ​ခေါင်းစည်း (Mask) များ အခမဲ့ဖြန့်​ဝေ

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့မ​စျေးကြီးအတွင်း ​​စျေး​ရောင်း​စျေးဝယ်များနှင့်ဆိုင်ကယ် Taxi ဂိတ်များ၊ အ​နှေးယာဉ်ဂိတ်များ၌ သွားလာ​နေကြသည့်​ စျေးသူ​စျေးသားများ ​စျေးဝယ်သူ ပြည် သူများကို ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာစေ​ရေးနှင့်

ကဝမြို့နယ်တွင် ရေဘေးသင့်ကျေးရွာများသို့ Mask၊ ဆပ်ပြာနှင့် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မိုးသက်လေပြင်းတိုက်ခတ်မှုနှင့် စစ်တောင်းမြစ် ဒီရေတက်ခြင်းကြောင့် ရေဘေးသင့်ခံခဲ့ရသည့် ကံတော်ကျေးရွာ အပါအဝင် ကျေးရွာ(၁၀)ရွာရှိ အိမ်ထောင်စု (၁၅၆၉) စု၊ လူဦးရေ (၇၁၉၄)ဦးတို့အတွက် Mask၊ ဆပ်ပြာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန့်နေ့ ညနေ (၃) နာရီ အချိန်က အုန်းနှဲကျေးရွာရှိ ကြယ်စင်ဟိန်း Tea Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်တွင် ရေဘေးသင့် နေအိမ်များအား ထောက်ပံ့ပေးအပ်

ပုလောမြို့နယ် တွင် စက်တင်ဘာလ (၁၈)နှင့် (၁၉) ရက်များတွင် မိုးသည်ထန်စွာ ရွာသွန်းကာ ရေကြီးနှစ်မြှပ်၍ ရေဘေး သင့်ခဲ့သော အိမ်ထောင်စုများကို ယမန်နေ့ နံနက် (၁၂)နာရီ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ ကူညီမှု လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ငါးထပ်ကြီးဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိသော သက္ကလမြို့မှာ ကဝမြို့နယ်နှင့် နီးစပ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အထူးဂရုပြု နေထိုင်သွားလာကြရန် ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Online စနစ်ဖြင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

လင်းခေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၊ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မဲပေးခွင့်မဆုံးရှုံးစေရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် Quarantine Centre ထားရှိသည့် စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဒုတိယမြောက် ဖွင့်လှစ်သော အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း Community Based Facility Quarantine Centre ၌ ထားရှိသော စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Hand Held Mega Phone၊ အပူချိန် တိုင်းကိရိယာနှင့် နှာခေါင်းစည်း (Mask) များပေးအပ်

နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီ ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအတွက်

တောင်သာမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၃၄၆၀၃) စုအတွက် တတိယ အကြိမ် ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်း ပေးအပ်ခြင်းအခမ်း အနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် လယ်ယာမြေကိစ္စရပ်များ အမြန် ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူများ ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိင်ရေးနှင့် လယ်ယာမြေကိစ္စရပ်များ အမြန် ဆောင်ရွက်နိင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လွှတ်တော် ကိုယ်စားလှယ်များ ၊ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည် ။
Subscribe to