သီပေါတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးသင်တန်းဖွင့်လှစ်
သီပေါ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။