မဘိမ်းမြို့နယ်တွင် ဧရာဝတီမြစ်ရေလျှံ၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးဧကများအတွက် မျိုးစပါးများ အခမဲ့ဖြန့်ဖြူး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေကျောင်းကုန်း ကွင်းပြင်အတွင်း ဧရာဝတီမြစ်ရေလျှံ၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးမှု ဧကများအတွက် တောင်သူများအား မျိုးစပါးများ အခမဲ့ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။