ညောင်ဦးမြို့ မဏိစည်သူဈေးတွင် ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်းတပ်ဆင်ရောင်းဝယ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask Campaign လှုပ်ရှားမှုပြုလုပ်

ညောင်ဦး၊ စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မဏိစည်သူဈေးအတွင်းအပြင်တွင် ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask Campaign လှုပ်ရှားမှုပြုလုပ်ခြင်းအား ယနေ့နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်က ပြောသည်။
ညောင်ဦးမြို့နယ် မဏိစည်သူဈေးကြီးအတွင်း နှာခေါင်းစည်း Mask  စနစ်တကျတပ်ဆင်၍ ဈေးရောင်းချခြင်း ရှိ/မရှိအား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ညောင်ဦးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းတို့မှ မဏိစည်သူဈေးတွင်းဈေးပြင်တွင် ရောင်းချနေကြသည့်ဈေး ရောင်းဈေးဝယ်များအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး၊ ဈေးအတွင်းဝင်ရောက်လာသူတိုင်း လက်ဆေးစင်များတွင် စနစ်တကျလက်ဆေး၍ ဝင်ရောက်စေခြင်း၊ ဈေးဝန်ထမ်းများက အပူချိန်တိုင်းတာစစ်ဆေးပေးခြင်းများပြုလုပ်ပြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်းထမ်းများက မဏိစည်သူဈေး အတွင်းအပြင်တွင်လည်းကောင်း၊ လမ်းသွားလမ်းလာများအားလည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask  စနစ်တပ်ဆင်သွာလာလှုပ်ရှားစေရေး Mask Campaign လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး Mask ဘူး(၅၀)ပါဘူး ၂၅ဘူး အခုရေ ၁၂၅၀ ခုအား ပေးဝေ၍ Mask Campaign လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းကပြောပြ၍သိရကာ ကိုဗစ်-၁၉ ကူးစက် ရောဂါကာလအတွင်း လမ်းသွားလမ်းလာများ နှာခေါင်းစည်း Mask  တပ်ဆင်သွားလာခြင်းအား ယဉ်ကျေးမှုတစ်ရပ်အနေဖြင့်လည်းကောင်း၊ ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့်လည်းကောင်းလူတိုင်းတပ်ဆင်သွာလာခြင်းဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး Mask  Campaign လှုပ်ရှားမှုပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ကိုထိန်၊ KPD