ခန္တီး စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ မြို့မရပ်ကွက်ရှိ ကမ်းနားလမ်းနှင့် ဈေးလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲ မီးသတ်ဦးစီးဌာန ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်မထားဘဲ အပြင်ထွက်လာသူများကို နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး တေးသီချင်းဖွင့်ပြပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
''ခန္တီးမြို့မှာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် ခန္တီးမြို့ ပြည်သူများအနေဖြင့် အစိုးရိမ်မလွန်ကြဖို့လိုသလို မစိုးရိမ်ဘဲနဲ့လည်း ပေါ့ပေါ့ဆဆ မနေဖို့ လိုမှာပါ။ အဓိက အားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို တိကျစွာလိုက်နာဖို့ကို ကျွန်တော်တို့ Mask Campaign လုပ်ရင်းနဲ့ တိုက်တွန်းပါတယ်'' ဟု ခန္တီးမြို့ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွင် အမြဲတမ်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွင်သည့် ခရိုင်ကြက်ခြေနေအသင်းမှ ဦးအုန်းလွင်က ပြောကြားသည်။
အမ်းအင်းလမ်း