ဖားကန့်မြို့နယ်ကို နေအိမ်မှ အပြင်သို့မထွက်ခွာရန် Stay at Home မြို့နယ်အဖြစ် သတ်မှတ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ပြီး နေအိမ်မှ အပြင်သို့မထွက်ရန် Stay at Home မြို့နယ်အဖြစ် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတ်မှတ်ကြေညာလိုက်ကြောင်း ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက် သည့် ထုတ်ပြန်ထားချက်အား ပြည်သူများလိုက်နာဆောင်ရွက်စေရေး အသေးစိတ်စီမံခန့်ခွဲသည့် အစည်းအဝေးမှ သိရသည်။