နောင်မွန် စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြိုနယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှုမရှိစေရန် ခိုင်လုံမဲ၊ ပယ်မဲနမူနာပုံစံများကို စက်တင်ဘာ(၂၀) ရက်နေ့ နံနက်(၁၀)နာရီက ကပ်ထားပေးကြောင်းသိရသည်။
ပြည်သူများအနေဖြင့် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်အတွက် မိမိပေးလိုက်သည့် မဲတစ်ပြား အလဟသ မဖြစ်အောင်မှန်ကန်စွာ မဲပေးတတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားကောင်းတစ်ဦး၏ တာဝန်အနေနဲ့ရော အခွင့်အရေးအနေနဲ့ပါ မှန်ကန်ထိရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားခြင်း သည် အကောင်းဆုံးဖြစ်ကြောင်း၊ ဘာကြောင့် ခိုင်လုံမဲဖြစ်တယ်၊ ဘာကြောင့်ပယ်မဲဖြစ်တယ် စသည်တို့အား သိရှိစေရန် မဲနမူနာပုံစံများဖြင့် ကပ်ထားပေးခြင်းဖြစ်ကြောင်း မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးအောင်ဇော်ဦး ကပြောသည်။
အဆိုပါ မဲနမူနာပုံစံများကို စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ရွေးကောက်ပွဲပြီးသည်နေ့အထိ ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)