မိုဝိုင်းလွတ်မြို့တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ပေးအပ်သည့်ထောက်ပံ့ငွေများကို ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ မိုဝိုင်းလွတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု ( ၁ ) စုလျှင် ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် ဒုတိယအကြိမ် မဲစာရင်းများ ကြေညာနိုင်ရေး မဲစာရင်းများထပ်မံ စိစစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စွာ ကြေညာဆောင်ရွက်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နာဂဒေသ ၊ ဆွမ္မရာမြို့တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ပေးအပ်သည့်ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု ( ၁ ) စုလျှင် ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ မြစ်ချောင်းဘေး မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ဒီရေဝင်ရောက်မှုဖြစ်ပွား

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ရက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးလျက်ရှိရာ ယနေ့ နံနက် ၆  နာရီ ၂၀ မိနစ် က ဒလမြို့နယ်ရှိ မြစ်ချောင်းဘေး မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဒီရေနှင့်အတူ မြစ်ရေဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မြို့မ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် ထံမှ သိရသည်။

အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအတွက်(ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ) လတို့အတွက် နိုင်ငံတော်မှချီးမြှင့်ထောက် ပံ့ခဲ့သည့် လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးတွင် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

လှိုင်သာယာမြို့ နယ်တွင် အမှတ်(၁၅)အခြေခံပညာအထက်တန်းကျောင်းခွဲကို Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်ရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား သီးခြားနေထိုင်စောင့်ကြည့်နိုင်ရေးအတွက် Quarantine Centreအဖြစ် ထပ်မံဖွင့်လှစ်ရန် အမှတ်(၁၅) အခြေခံပညာ အထက်တန်းကျောင်းခွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး

ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး ပွဲကို စက်တင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာအိမ်ထောင်စုများအား တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ပေးအပ်ပြီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်မနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးက ထောက်ပံ့သည့် တတိယအကြိမ်မြောက်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၉ ရက်နေ့မှစတင်ပေးအပ်ခဲ့ရာ ယနေ့၊ မွန်းလွဲပိုင်းတွင် အိမ်တိုင်ရာရောက်ပေးအပ် ပြီးဖြစ်ကြောင်း သိရသည်။

ပန်လုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေ ပေးအပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် KBZ bank တို့ပူးပေါင်း၍ MCCT အစီအစဉ်ဖြင့်ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်လုံမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများထံ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း နိုင်ငံတော်မှ တတိယအကြိမ်ထောက်ပံငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း ဦးဆောင်၍ ရပ်ကျေးစာရေးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to