မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက် ဥယျာဉ်ချောင်လမ်းနှင့် အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း ကွန်ကရစ် လမ်းခင်းခြင်း များ ဆောင်ရွက်

မင်းကင်း စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဥယျာဉ်ချောင်လမ်းနှင့် အမှတ်(၃)ရပ်ကွက်ရှိ ကမ်းနားလမ်းကွန်ကရစ် လမ်းခင်းခြင်းများဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 အဆိုပါ အမှတ်(၁)ရပ်ကွက်ရှိ ဥယျာဉ်ချောင်လမ်း လမ်းကွန်ကရစ်လမ်းမှာ(အရှည် ၁၂၀ ပေ အကျယ် ၁၀ ပေ)ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေး ကော်မတီဘတ်ဂျက် ခွင့်ပြုငွေ ကျပ်သန်း (၂၄ ဒသမ ၅)သန်းဖြင့်​​ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ရွှေဝင်းမှ ကြီးကြပ်ဆောင်​ရွက်လျက်ရှိကြောင်း သိရပြီး အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း ကွန်ကရစ်လမ်းကို တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သန်း(၂၅)သန်းဖြင့် အရှည်ပေ (၁၃၀)၊ အကျယ်ပေ(၁၀)၊ အထူ(၈)လက်မ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

လှငွေ(မင်းကင်း)