လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်(၅) ကြက်သားအအေးခန်းလုပ်ငန်းစက်ရုံ မီးလောင်မှု ဖြစ်ပွား

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရွှေရင်အေး ဘုရားလမ်း၊ စက်မှုဇုန်(၅)၊ မွေးမြူရေးဇုန် အမှတ်(၈၆)၊ ရွှေရင်အေးဘုရားလမ်းရှိ  ကြက်သား အအေးခန်း လုပ်ငန်းစက်ရုံတွင် ယနေ့နံနက် (၇) နာရီ မိနစ်(၅၀)ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၈:၃၀)နာရီခန့်တွင် မီးငြိမ်းခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် စက်မှုဇုန်(၅)၊ မွေးမြူရေးဇုန်တွင် ဦးဇော်မိုးအောင် (အဘ) ဦးစီရာမန် အသက်(၅၃)နှစ် ပိုင်ဆိုင်သော (DEHEUS) ဝေယံအောင်ကုမ္ပဏီ ကြက်သား အအေးခန်းလုပ်ငန်း ပေ၁၂၀x ၆၀ အကျယ်ရှိ အပေါ်ထပ်ရုံးခန်းတွင် air-con နှင့် တွဲဖက်တပ်ဆင်ထားသော safeguard ချို့ယွင်းပြီး မီးပွားထွက်ရာမှ အနီးရှိ စာရွက်စာတမ်းများ နှင့် ကွန်ပျူတာများကို မီးကူးရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး air-con(၁)လုံး၊ ကွန်ပျူတာ(၁)လုံး၊ စားပွဲ(၁)လုံး၊  ပစ္စည်းတင်စင် (၁)စင် တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)