၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို ကျိုက်မရောမြို့နယ်၌ မဲရုံပေါင်း (၉၈)ရုံ ဖြင့်ကျင်းပသွားမည်
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၉၈)ရုံ ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်သောရပ်ကွက်/ကျေးရွာအုပ်စုမရှိကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။