သန်လျင် စက်တင်ဘာ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)တွင် ကိုဗစ် (၁၉) ကာလအတွင်း ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများအား ပင်စင်စာအုပ်များတွင် ထုတ်ယူရန် သတ်မှတ်ပေးထားသည့် ရက်များအတိုင်း စက်တင်ဘာ ၂၃ ရက်နေ့မှစတင်ကာ ၂၅ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာမှ သိရသည်။
ထိုသို့ ပင်စင်ထုတ်ယူကြမည့် မိဘပြည်သူများအနေဖြင့် ၄င်းပင်စင်စာအုပ်တွင် သတ်မှတ်ပေးထားသည့် (၃) ရက်အတွင်း လာရောက်ထုတ်ယူပေးကြရန်နှင့် ပင်စင်လစာများအား အမှတ် (၁) ရေနံချက်စက်ရုံ ဆေးခန်းအနီး အမှတ် (၁၁) ဂိတ်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေနံချက်စက်ရုံရှိ အခြားဂိတ်ပေါက်များပိတ်ထားသဖြင့် မြို့မလမ်းဘက်မှ လာရောက်ကာ ဂိတ်ပေါက် (၁၁) ၌သာ ထုတ်ယူပေးကြပါရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံ အသိပေး နှိုးဆော်အပ်ပါကြောင်း သိရသည်။
အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တွင် ပင်စင်လာရောက်ထုတ်ယူကြမည့် ပင်စင်ထုတ်သူများအနေဖြင့် ပင်စင်လာရောက်ထုတ်ယူသည့်အခါ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်လာကြရန်၊ ပင်စင်ထုတ်ယူမည့်သူ တစ်ဦးသာ လာရောက်ထုတ်ယူကြရန်နှင့် ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေ လာရောက်ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေးအတွက် ကေလးငယ္မ်ားအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံ အသိပေး နှိုးဆော်ထားရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)