ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များအား အသိပညာပေး ဟောပြောပွဲကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။