ရွှေတောင် စက်တင်ဘာ ၂၃
ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်း၊ တပ်ဆင်မှုမရှိပါက နှာခေါင်းစည်း(mask) များကို ယခုဝယ်ယခုတပ်စနစ်ဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေး ဆောင်ရွက်မှုကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာနေရာဖြစ်သည့် ပြည်-ရန်ကုန် လမ်းတည်ကုန်းတာလမ်းကားဂိတ်၊ ဘုရားနီးကားဂိတ်နှင့် ရွှေတောင် မြို့မစျေး လမ်းဆုံလမ်းခွတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုရှိရေး လှုပ်ရှားဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ မဖြစ်မနေ ခရီးသွားလာနေကြသည့် ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိကို အထူးကြပ်မတ် စစ်ဆးရာပြည်သူများက လိုက်နာဆောင်ရွက်လာကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)