လှိုင်မြို့နယ်တွင် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း    

လှိုင်  စက်တင်ဘာ  ၂၃

လှိုင်မြို့နယ် ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီသို့ ယမန်နေ့နေ့လယ်က လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီကွန်ဒိုတွင် တည်ရှိသော မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၁,၃၇၆,၅၀၀ိ/-)တန်ဖိုးရှိ PPE Level 2 ၀တ်စုံ (၂၀ဝ) စုံ၊ Surgical Mask (၁၀)ဘူး၊ ဂျင်းလက်ဖက်ရည်ဘူး (၁၀၀)ဘူးတို့အား လှူ ဒါန်းခဲ့ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် သက်ဝင်းကလက်ခံရယူ၍ ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)