မိုးမိတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ပသို့ ထွက်သည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (mask) များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့မဈေးနှင့် လူစည်းကားရာ လမ်းတစ်လျှောက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ပြည်သူ များ မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ ကိစ္စရပ်များ အတွက် ပြင်ပသို့ ထွက်ရသည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင် ကြခြင်းဖြင့် ပြည်သူလူထု ပူးပေါင်း ပါဝင်လာစေရန်အတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကပြောသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ကျန်းမာရေးသတိပေးချက်များကို လှည့်လည်ဖွင့်လှစ်၍ အသိပညာ ပေး လှုံ့ဆော်ခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)