ဟိုမိန်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို Online မှတစ်ဆင့် ဗဟုသုတရဖွယ်ပုံပြင်များ ပြောပြခြင်း၊ ကဗျာများ ရွတ်ဆိုပြခြင်း၊ ပန်းအလှဆင်ခြင်း၊ စက္ကူအရုပ်ခေါက်ပြခြင်း၊ ရုပ်ပုံများ ဆေးရောင်ခြယ်ခြင်းနှင့် စာအုပ်အသစ်များ မိတ်ဆက် ပေးခြင်းစသည့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပြည်သူ့စာကြည့်တိုက် ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ရိုက်ကူးမှုဗီဒီယို အစီအစဉ်များကို ဟိုမိန်းမြို့ရုံး ပြည့်သူ့စာကြည့်တိုက် Facebook Page” မှတစ်ဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးကာလ အတွင်းစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများအတွက် ဗဟုသုတရဖွယ် အချက်အလက်များကို Online ပေါ်တွင် အလွယ်တကူ လေ့လာနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ ရိုက်ကူးလွှင့်တင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရဲနောင်(ဟိုမိန်း)