လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ သံသယ ရှိသူများအတွက် Hlaing Quarantine Center (3) ဖွင့်လှစ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

လှိုင်    စက်တင်ဘာ     ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် တတိယမြောက် Quarantine Center ကို လှိုင်တက္ကသိုလ်ကျောင်းရှိ ​မေခ​ဆောင်၌ ပြင်ဆင်ခြင်း လုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊​ ရေ၊မီးနှင့် လိုအပ်​သော အသုံးအ​​ဆောင်များ ဖြည့်တင်းခြင်း၊ ကျန်းမာ​ရေး​ဆောင်ရွက်​ပေးရန် စီမံခြင်းလုပ်ငန်းများ၊ ကြိုတင်စီစဉ် ဆောင်ရွက်မှူများကို ယ​နေ့နံနက်က စ၍ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ ပြင်ဆင်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ဝင်းနှင့် လွှတ်​တော်ကိုယ်စားလှယ်များမှ ကြီးကြပ်၍ Quarantine Center (3)၌ လို အပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။အဆိုပါ ထပ်မံဖွင့်လှစ်မည့် တတိယမြောက် Quarantine Center ( 3 )  ပြင်ဆင်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်​ခြေနီအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြသည်။

​မေခ​ဆောင်သည် အထပ်(၃)ထပ်ရှိပြီး တစ်ထပ်လျှင် လူ(၅၀) ဦးထားရှိနိုင်သည့်အတွက် စုစု​ပေါင်း သံသယ လူနာ(၁၅၀)အား လက်ခံ​​ဆောင်ရွက်​ပေးနိုင်မည်ဖြစ်သည်။ လှိုင်မြို့နယ်အတွင်း လက်ရှိအချိန်တွင် အနံ့ပျောက်လူနာများ၊ ဖျားနာသူများ၊ သံသယလူနာများ​ Hlaing Fever Clinic တွင် လာ​ရောက်ပြသ သူများပြားလာသည့်အတွက် လူနေအိမ်များနှင့် နီးကပ်ခြင်းမရှိဘဲ၊ လေကောင်းလေ သန့်ရရှိ​ပြီး ကျယ်ဝန်းသင့်​တော်​သော​ နေရာတစ်ခုဖြစ်သည့် လှိုင်တက္ကသိုလ် ဝင်းအတွင်းရှိ မေခဆောင်အား ကိုဗစ်-၁၉ကော်မတီဝင်များက​ စီမံ​ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းဝန်းအတွင်းရှိ အုန်း​တော၊ ဟန်လင်း၊ ခ​ပေါင်း စသည့်​ ကျောင်း​ဆောင်များအားလည်း လိုအပ်ပါက အသုံးပြုသွားမည်ဖြစ်​ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော် (ပြန်/ဆက်)