ဟိုပုံး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) မတပ်ဆင် သူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆည်လမ်းဆုံ)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Mask တပ်ကြ ရန်၊ မကြာခဏလက်ဆေးရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ မလိုအပ်ဘဲအိမ်ပြင် မထွက်ကြရန်၊ တတ်နိုင်သမျှ မိမိအိမ်မှာသာနေပါရန်၊ လူစုလူဝေး ရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါ က အနည်းဆုံး (၆)ပေ အကွာမှသာနေထိုင် ပြောဆို ဆက်ဆံကြပါရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)