ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ သွားရောက် ပို့ဆောင်

မြစ်ကြီးနား စက်တင်ဘာ ၂၃

ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း တစ်ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂)ဦး လိုက်ပါလျက်ယနေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

လက်တလောဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ စောင့်ကြည့်လူနာ (၃၅၆)ဦးတို့၏ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂)ဦးတို့မှ လိုက်ပါကူညီ ပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်နယ် ကြက်ခြေနီရုံးမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)