ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာဈေးများနှင့် မြို့လယ်လမ်းဆုံတို့တွင် Mask Campaign ပြုလုပ်

ကျောက်ပန်းတောင်း၊ စက်တင်ဘာ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီမှစတင်ကာ မြို့မစည်ပင်သာယာဈေး၊ တမ္ပဝတီဈေးသစ်နှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခဲ့ကြသည်။

ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များသည်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် ဝန်ထမ်းများ  စုစုပေါင်းအင်အား(၂၅)ဦးဖြင့် မြို့မစည်ပင်သာယာဈေးနှင့် ပျံကျဈေးတို့တွင် Face Mask အခုရေ(၃၀၀၀)၊ တမ္ပဝတီဈေးသစ်ကြီးတွင် Face Mask အခုရေ (၃၀၀)နှင့် ဘူတာလမ်းဆုံနှင့် မီးသတ်လမ်းဆုံတို့တွင် Face Mask အခုရေ(၁၃၅၀) အခမဲ့ဖြန့်ဝေ ခဲ့ကြပြီး၊ လက်ကိုင်ဟွန်းများဖြင့် Mask  များကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုများပြားနေသည့် အခြေအနေများကို အသိပညာပေးခဲ့ကြကြောင်း သိရပြီး၊ ယနေ့ပြု လုပ်သည့် Mask Campaign တွင် Face Mask အခုရေ (၄၆၅၀) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)