မင်္ဂလာဒုံ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး စနစ်တကျ နေရာချထားပေးခြင်း၊ ရုံးအဝင်ပေါက်ဝ၌ လက်သန့် ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်စေခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။
အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် စက်တင်ဘာ ၂၁ ရက် နေ့မှ ၂၉ ရက် နေ့အထိ မင်္ဂလာဒုံမြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာအုပ်စု (၃၂) အုပ်စုမှ အငြိမ်းစားဝန်ထမ်းများအား နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၃ နာရီအထိ ထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား အောက်တိုဘာလဆန်းတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန် အတွင်း၌ ပင်စင်လစာများ ထုတ်ပေးမည်ဖြစ်ပြီး၊ မင်္ဂလာဒုံမြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်မှ အငြိမ်းစားလစာထုတ်ယူသူ ဦးရေ(၄၅၀၀)ကျော်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
ဇင်ငြိမ်း(ပြန်ဆက်)