လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ကိုဗစ်−၁၉ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားလာသည့်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယ ရှိသူများ ကို Quarantine Center များတွင် ထားရှိခဲ့ပြီး Quarantine ဝင်ရောက်သူ ပြည်သူများ အနေဖြင့် အဆင်ပြေစွာ နေထိုင်စားသောက်ရေးအတွက် နေ့လည်စာ ကြက်ဆီ ထမင်း (၂၁၀) ပွဲကို ယနေ့ နံနက်(၁ဝ)နာရီတွင် သာသနာ့ဗိမာန်တော်ရှိ Quarantine Center သို့ လာရောက် လှူဒါန်း ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ရွှေကျွန်းမြေ၊ ရွှေမေတ္တာ၊ ရွှေနံ့သာလဘက်ရည်နှင့် စားသောက်ဆိုင် မိသားစုမှ လာရောက်လှူဒါန်းသော ကြက်ဆီထမင်း(၂၁၀)ပွဲကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး Community Based Facility Quarantine Center အတွက် ကြက်ဆီထမင်း(၂၁၀)ပွဲ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိူင်(ပြန် /ဆက်)