ထန်တလန် စက်တင်ဘာ ၂၃
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင် လိုင်ပေါင်းလုံ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့် ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်း ရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းတို့ကို နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများနှင့်ပြည်တွင်းမှ နေရပ်ပြန်လာသူ (၈)ဦးတို့အား ထန်တလန် မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine (၂၁) ရက် ထားရှိကြောင်း သိရသည်။
နေရပ်ပြန်လာသူ (၈)ဦးတို့သည် ပြည်ပမှ(၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦးတို့ဖြစ်ပြီး ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်နှင့် ထန်တလန်မြို့နယ် တလန်ပီး ကျေးရွာ၊ ဒေါန်ကျေးရွာတို့တွင် နေထိုင်သူများ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ (၈)ဦးတို့သည် လက်ရှိအခြေအနေ၌ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး (၂၁)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေစဉ် ကာလအတွင်း နေထိုင်စားသောက်ရေး ကိစ္စများကို ထန်တလန် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)