မရမ်းကုန်း စက်တင်ဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ရပ်ကွက်ရှိ အထက(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine Center သို့ ယနေ့နံနက် ၉ နာရီအချိန်က PPEဝတ်စုံများ၊ လက်အိတ်၊ Maskနှင့် ရေသန့်ကတ်များ လာရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းပစ္စည်းများဖြစ်သည့် PPE (Level 2)ဝတ်စုံ ၃၀၀စုံ၊ PPE (Level 3)ဝတ်စုံ ၃၀၀စုံ၊ လက်အိတ် ၁၀ ဘူး၊ Mask ၃၀၀ဘူး၊ ရေသန့်ကတ် ၂၅၀ ကတ်ကို အလှူရှင် ဦးသန်းဝင်းနှင့်ဇနီးမခင်နွယ်ဝင်း မိသားစုများက လှူဒါန်းခြင်းဖြစ်ပြီး အလှူရှင်များကိုယ်စားမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိန်ထွန်း ကပေးအပ် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှလက်ခံရယူခဲ့ကြကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)