ကျိုက်မရော စက်တင်ဘာ ၂၃
မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရေးအတွက် မြန့်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ကျိုက်မရောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပြုလုပ်သည်။
ထိုသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများကမြန်မာ့စီးပွားရေး ဘဏ်ခွဲမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကျိုက်မရောမြို့နယ်တွင် ပင်စင်ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်းဦးရေ မှာ (၇၀၀၀)ကျော်ခန့်ရှိသည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် ကျေးရွာများမှအငြိမ်းစားဝန်ထမ်းများအား စက်တင်ဘာ (၂၁)ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိပြီး လူတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှနေ၍ စနစ်တကျ တန်းစီကာ တစ်ကြိမ်လျှင် (၁၀) ဦးသာ ထုတ်ပေးလျက်ရှိကြောင်း၊ မြို့ပေါ်ရှိ အငြိမ်းစား ဝန်ထမ်းများအား ယနေ့နံနက်ပိုင်း မှစ၍ ထုတ်ပေးလျက်ရှိရာ အဆိုပါ ပင်စင်လစာငွေ လာရောက် ထုတ်ယူသူ အငြိမ်းစားများအတွက် တစ်ဦးလျှင် နှာခေါင်းစည်း သုံးခုစီထုတ်ပေး၍ အသုံးပြုပြီးသား (Mask) များကို ပြန်လည် အသုံးမပြုမိစေရန် အသိပညာပေး ဆွေးနွေးပေးခဲ ့ကြောင်း သိရသည်။
ချိုချို (ပြန်/ ဆက်)