မင်းဘူး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးမှူးရုံး ကွပ်ကွဲမှုအောက်ရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့များရှိ မြို့နယ်မီးသတ်ဦးစီးမှုးရုံးများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးအပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်းစေရန်အတွက် တပ်ဖွဲ့ဝင်များ ကို အရန်သင့်ဖွဲ့စည်းထား ရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
“ယခုရက်ပိုင်း ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေရုတ်တရက်မြင့် တက်လာနိုင်တယ်၊ မြစ်ချောင်းကမ်းပါးအနီး မြေနိမ့်ပိုင်းမှာနေထိုင်းကြ သူများအနေနဲ့ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားလာနိုင်တယ်၊ ဒါကြောင့် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံပြန်နိုင်ဖို့အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာတွေနဲ့အတူ တပ်ဖွဲ့ဝင်တွေကို အရန်သင့်ဖွဲ့စည်းထားခြင်ဖြစ်ပါတယ်” ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောကြားသည်။
ထို့နောက် မင်းဘူးမြို့နယ်မီးသတ်းတပ်ဖွဲ့ဝင်များက ဧရာတီမြစ်အတွင်း သဘာဝ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလေ့ကျင့်မှုများကို ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြုလုပ်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)