လားရှိုးမြို့၌ ကျေးရွာများသို့အရောက် ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

လားရှိုး   စက်တင်ဘာ   ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ခရိုင်ရုံး) လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန် က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လားရှိုးမြို့နယ် ကြက်ခြေနီအသင်းတို့ပါဝင်လျက် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအုပ်စု၊ အီနိုင်း ကျေးရွာနှင့် တာကြိုင်းကျေးရွာ၊ နမ့်ဆွန်ကျေးရွာတို့၌ ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များကို အသံချဲ့စက်များဖြင့် လှည့်လည်ဟော ပြောခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိနေသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များအကြောင်းတို့အား Hand Speaker ဖြင့် ကြေညာခဲ့သည်။

အဆိုပါ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ရာ၌လည်း ကျေးရွာနေပြည်သူများအတွက် Mask နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကို အသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေး စနစ်တကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)