မင်္ဂလာဒုံမြို့နယ် Community based Facility  Quarantine Centre တွင် Quarantine ထားရှိသူ (၁၃၄)ဦး၏ Swab နမူနာယူ၍ ဆေးသုတေသနဦးစီးဌာနဓာတ်ခွဲခန်းသို့ ပေးပို့ကာ စစ်ဆေး 

မင်္ဂလာဒုံ  စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း Community based Facility  Quarantine Centre၌ Quarantine ထားရှိသူ (၁၃၄)ဦး၏ Swab နမူနာအား  ကျန်းမာရေး ဝန်ထမ်းများက ရယူခဲ့ပြီး ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲခန်းသို့  စစ်ဆေးရန် ပို့ဆောင်ထားကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့်  အမျိုးသမီး (၈၁)ဦး၊ အမျိုးသား(၅၃)ဦး စုစုပေါင်း (၁၃၄)ဦးတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာများကို ယနေ့ နံနက် (၁၁)နာရီက ကျန်းမာရေးဝန်ထမ်းများက ရယူကာ ဆေးသုတေသန ဦးစီးဌာနဓာတ်ခွဲခန်း၌စစ်ဆေးရန် ပို့ဆောင်ခြင်းဖြစ်သည်။
မင်္ဂလာဒုံမြို့နယ် Community based Facility  Quarantine Centre ၌ Swab ယူခြင်းအား ကျန်းမာရေး ဝန်ထမ်းများ၊ ရှင်သန်ရေးပရဟိအဖွဲ့၂/ကရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မင်္ဂလာဒုံ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မေတ္တာလွမ်းခြုံ လူမှုကူညီရေးအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်ဆက်)