ပေါင်းတည်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဝယ်ယူရန်နှင့် အထောက်အကူပြု လုပ်ငန်းများအတွက် အလှူငွေပေးအပ်လှူဒါန်း

ပေါင်းတည်  စက်တင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းသုံးပစ္စည်း ဝယ်ယူရန်နှင့် အထောက်အကူပြု လုပ်ငန်းများအတွက် အလှူငွေပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၁နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အားကစားခန်းမ FQCတို့၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းသုံးပစ္စည်း ဝယ်ယူရန်အတွက် အလှူရှင်များမှ အလှူငွေ ၁၀သိန်းကျပ်အား ပေးအပ်လှူဒါန်းသည်။ အဆိုပါ လှူဒါန်းငွေများကို ပေါင်းတည်မြို့နယ် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့​ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်