ဖရူဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ ယခင်ကထက် နှာခေါင်းစည်း(Mask) ပိုမိုတပ်ဆင်အသုံးပြုလာ

ဖရူဆို စက်တင်ဘာ ၂၃

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများ ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း  (Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေး လုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ဈေးတွင်းဝင်ထွက်သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ယခင်ကထက် နှာခေါင်းစည်း (Mask) ပိုမိုတပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မြို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ များ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေး ခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များနှင့်အညီ  ပြည်သူများ လိုက်နာနေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့သည် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူများအား အရေးယူဆောင်ရွက်သည့် အနေဖြင့် (Mask) တစ်ခု ကို ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။ ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် ခရီးသွား ပြည်သူများ၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူများ ယခင်ကထက် နှာခေါင်းစည်း(Mask)ကို အလေးထား တပ်ဆင်အသုံးပြုလာကြောင်း တွေ့ရှိရသည်။

တောရယ်(ပြန်/ဆက်)