လိုင်လင်းပီ စက်တင်ဘာ ၂၃
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် များအား မွန်းတည့် ၁၂ နာရီနောက်ပိုင်း ရောင်းချခြင်း ရှိ/မရှိ ပထမအကြိမ် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးကြသည်။
အဆိုပါ ရှောင်တခင်စစ်ဆေးခြင်း မဆောင်ရွက်မီ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား မွန်းတည့် ၁၂ နာရီနောက်ပိုင်း ရောင်းချခြင်း မရှိစေရန် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စက်တင်ဘာလ (၂၁)ရက်နေ့မှစ၍ အသံချဲ့စက်ဖြင့် ကြိုတင် အသိပေး နှိုးဆော်ခဲ့ကြပြီး ဖြစ်ကြောင်းနှင့် နောက်ထပ် ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ရာ၌ မွန်းတည့် ၁၂ နာရီနောက်ပိုင်း ဖွင့်လှစ် ရောင်းချသည့်ဆိုင်များ တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)