ထီးလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများအတွင်း မျိုးကွဲနှင့်ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်

ထီးလင်း စက်တင်ဘာ ၂၃

မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများအတွင်း မျိုးကွဲနှင့်ပိုးမွှားရောဂါများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာနှင့် သရခါကျေးရွာများရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများတွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခင်မောင်ထူးနှင့်ဝန်ထမ်းများက ပုဏ္ဏား ကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၅) ဧကနှင့် သရခါကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၅)ဧက တို့တွင် မျိုးကွဲနှင့်ပိုးမွှား ရောဂါများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ မျိုးကွဲနှင့်ပိုးမွှား ရောဂါများ စစ်ဆေးခြင်းကို ပထမအကြိမ် ပင်ပွားစုံချိန်တွင် လည်းကောင်း၊ ဒုတိယအကြိမ် ပန်းပွင့်စုံချိန်တွင် လည်းကောင်း၊ တတိယအကြိမ် ရင့်မှည့်ချိန်တွင်လည်းကောင်း၊ စုစုပေါင်း (၃)ကြိမ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဆင်းသုခစပါး စိုက်ဧက (၂၁၀) ဧကရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)