မံစီမြို့နယ်၌ အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူနေသည့် နေရပ်ပြန်ပြည်သူများ နေထိုင်ရေးအဆင်ပြေမှု ရှိ /မရှိ ကြည့်ရှုစစ်ဆေး

မံစီ စက်တင်ဘာ ၂၃

ကချင်ပြည်နယ်ဗန်းမော်ခရိုင်မံစီမြို့ ကောင်ရာရပ်ကွက်နှင့် ဂါးရာယန်ကျေးရွာအတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (Quarantine Center)များ၌ အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေသည့် နေရပ်ပြန်ပြည်သူများအား နေရေးထိုင်ရေး အဆင်ပြေမှု ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မံစီမြို့ ကောင်ရာရပ်ကွက်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ(Quarantine Center)များ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်မှု ခံယူနေသည့် နေရပ်ပြန်ပြည်သူ()ဦးကို လည်းကောင်း၊ ဂါးရာယန်ကျေးရွာတွင် အသွားအလာ ကန့်သတ် စောင့်ကြည့် နေရာ (Quarantine Center)များ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူနေသည့် နေရပ်ပြန်ပြည်သူ ()ဦးတို့အား လည်းကောင်း မံစီမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် ဉီးဆောင်သည့်အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ကြပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများကို လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ကာ စောင့်ကြည့်မှု ခံယူနေသူများအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ပေးအပ်သည့် မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ထီး၊ ဖိနပ် စသည့် အသုံးအဆောင်ပစ္စည်း (၂၀)မျိုး ပါဝင်သည့် အထုပ်နှင့် နှာခေါင်းစည်း(Mask)များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

မြို့နယ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့်နေရာ (Quarantine Center)များကို ရပ်ကွက် ကျေးရွာအလိုက် နေရာအကျယ်အဝန်းရှိသည့် စာသင်ကျောင်း၊ ခန်းမဆောင်၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း စသည့် နေရာများ၌ သတ်မှတ်ထားကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)