ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် Quarantine Centre များသို့ အလှူရှင်များမှ အလှူငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

ဒဂုံမြောက် စက်တင်ဘာ  ၂၃

ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုမြင့်မားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ် သူများ၊ သံသယရှိသူများကို Quarantine Centre များတွင် စောင့်ကြည့်လူနာများ အဖြစ် ထားရှိ ဆောင်ရွက်လျက်ရှိရာ  Quarantine ဝင်ရောက်သူ ပြည်သူများအနေဖြင့် အဆင်ပြေစွာ နေထိုင် နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အလှူရှင် များက လိုအပ်သည်များကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃)ရပ်ကွက်မှ အိမ်အမှတ်(၄၂၉)၊ ဆရာစံ လမ်း​နေ ​ဦးသန်းစိုး၊ ဒေါ်ခင်​ဝေမှ ​Quarantine Centre များမှ ​စောင့်ကြည့်လူနာ (၁၂၂)ဦးနှင့် တာဝန်ကျကျန်းမာ​ရေးဝန်ထမ်းများ၊ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်​ခြေနီ တပ်ဖွဲ့ဝင်များ၊ ​စေတနာ့ဝန်ထမ်းများအား နံနက်အစာ​​​ပြေစာ မုန့်ဟင်းခါး၊ လဘက်ရည်နှင့် ကိတ်မုန့်များ၊ အမှတ်(၄၆)ရပ်ကွက်၊ အိမ်အမှတ်(၂၁၆)၊ ဗိုလ်သုန်လမ်း​နေ ဦးညွန့်လွင်၊ ဒေါ်ခင်မာစိုး (တော်ဝင်စတိုး)မိသားစုမှ ​ အလှူ​ငွေ(၅၀၀၀၀/) နှင့်ကြက်ဥ အလုံး(၃၀၀)၊ အမှတ်(၄၁)ရပ်ကွက်၊ အိမ်အမှတ်(၄၉၂)၊ ခတ္တာလမ်း​နေ ဦးသန်း​ထွေး၊ ဒေါ်နီလာ​အောင်၊ သမီးမဖြူဖြူ​သော် (Kia Xin Tissue)မိသားစုမှ ​အာဟာရဒါန  ထမင်းနှင့်ဟင်း ​နေ့လည်စာနှင့် ည​နေစာ၊ အမှတ်(၃၄)ရပ်ကွက်၊ အိမ်အမှတ် (၉၃၈)၊ ပျဉ်းမမြိုင်လမ်း​နေ ဦးစိုး​နိုင်​အောင် အသက်(၅၆)နှစ်ပြည့်​မွေး​နေ့အလှူအဖြစ် အလှူ​ငွေ (၂၀၀၀၀၀/)၊မြို့နယ်အခွန်ဦးစီးဌာနဝန်ထမ်း မိသားစုများမှ ​ အလှူ​ငွေ (၃၀၀၀၀၀/)တို့ကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ ဥက္ကဋ္ဌ ဦး​ကျော်မိုးနှင့်​ မြို့နယ် အဆင့်ကော်မတီအဖွဲ့ဝင်များမှ လက်ခံရရှိပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်အတွင်းရှိ Quaranitine Center များသို့ အလှူငွေများ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉၂၅၁၀၀၁၁၁၀၊ ၀၉၂၆၂၄၃၁၂၉၃၊ ၀၉၄၂၈၀၂၂၉၃၅ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)