စလင်း စက်တင်ဘာ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကန်ချောက်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင် မိခင်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ဆေးစိမ်ခြင်ထောင်များပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကန်ချောက်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဆေးခန်း၌ ပေးအပ်ခဲ့သည်။
စလင်းမြို့နယ် ကန်ချောက်ကျေးရွာအုပ်စုရှိကျေးရွာ(၆)ရွာနှင့် ပိတောက်ကျေးရွာအုပ် စုမှ ကျေးရွာ(၈)ရွာတို့မှ ကိုယ်ဝန်ဆောင်မိခင်(၆၁)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆေးစိမ်ခြင်ထောင် တစ်ဦးလျှင်(၁)လုံးစီကို ငွေဗိုက် အစီအစဉ်အရ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းထွန်း၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးတင်မြင့် (ကြီးကြပ်၂) နှင့် ဆရာမ ဒေါ်ဝင်းမာဆွေ (သားဖွားဆရာမ)တို့ကတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိ ရသည်။
မောင်လွင်(ပြန်/ဆက်)