ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများထားရှိရန် Quarantine Centre ထပ်မံပြင်ဆင်ဆောင်ရွက်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ များနှင့် ထိတွေ့ခဲ့သူများ၊ စောင့်ကြည့်လူနာများ ထားရှိရန် Quarantine centre အဖြစ်ထပ်မံ အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။