နမ့်ဆန်၌ 2019 Novel Coronavirus ရောဂါကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေး
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။