ကသာ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ သည် ကသာမြို့နယ်၊ ကကာကျေးရွာရှိ ဒေသခံပြည်သူများအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါချေးငွေများ ထုတ်ချေးပေးရာတွင် ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်အေးထူး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဦးကျော်လှိုင်ဝင်းနှင့် တာဝန်ရှိသူများက ကကာကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ(၁၀၆)ဦးအား ငွေကျပ်(၄၈၇)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃)ဦးအား ငွေကျပ်(၂၅)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၄)ဦးအား ငွေကျပ်(၂၈)သိန်းနှင့် အခြား အသက်ဝမ်း ကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၄)ဦးအား ငွေကျပ်(၂၆)သိန်း စုစုပေါင်းငွေကျပ် (၅၆၆)သိန်း တို့ကို အဆိုပါကျေးရွာသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ သွားရောက် ထုတ်ပေးခဲ့ကြောင်း ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရ သည်။
ရဲအောင်(ပြန်/ဆက်)