သာပေါင်း စက်တင်ဘာ ၂၃
သာပေါင်းမြို့ ဈေးဆိုင်များ စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးနှိုးဆော်ချက်များအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၀န်ထမ်းများမှ နေ့စဉ် နေ့/ည အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။
သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေး နယ်နိမိတ်အတွင်း၌ အခြေခံစား သောက်ကုန်ပစ္စည်း များနှင့် ဆေးဝါးပစ္စည်းများရောင်းချသည့်ဆိုင်များအား နေ့စဉ် နံနက်(၆)နာရီမှ မွန်းလွဲ(၂)နာရီ အထိရောင်း ချကြရန်နှင့် ကျန်ရှိသည့်ဆိုင်များအား ယာယီပိတ်သိမ်းထားရှိရန်၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များ ဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းမများအား နေ့စဉ်နံနက်(၆)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ၌သာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဆေးဝါးအရောင်းဆိုင်များအား နေ့စဉ်နံနက်(၆)နာရီမှ ည(၈)နာရီ အထိ ရောင်းချခွင့်ပြု သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလေးထား လိုက်နာ ဆောင်ရွက်ကြရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လမ်းဆုံလမ်းမများ မှ အသံချဲ့စက် ဖြင့် နေ့စဉ် နေ့/ည လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မျိုးဇော်သိန်း (သာပေါင်း)