မိုးကောင်းမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေး စာရေးများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (၈/၂၀၂၀)လမှ (၉/၂၀၂၀)လအထိ အစိုးရရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင် ခဲ့ရသော မိုးကောင်းမြို့နယ်အတွင်းရှိ ထွေအုပ်ရပ်/ကျေး စာရေးများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြို့နယ်ထွေအုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း နှင့်အညီ ကျင်းပပြုလုပ်သည်။

တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Online စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ လွှင့်တင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ့စာကြည့်တိုက်ဝန် ဆောင်မှုပေးခြင်း လုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ) ၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ပါ” အောင်မြင်ရေးစာစု (၂) စာအုပ်မိတ် ဆက်ခြင်းကို ယနေ့ နံနက် ၁၀နာရီခန့်က တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် စင်တင်တေးဂီတ၊ KTV၊ Night Club၊ Bar ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စင်တင်တေးဂီတဆိုင်များနှင့် KTV၊ CDOK ဆိုင်များကို ကြီးကြပ်စစ်ဆေးရေးအဖွဲ့က ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကစတင်၍ မြို့နယ်အတွင်းရှိ စင်တင်တေးဂီတ၊ KTV၊ Night Club၊ Bar ဆိုင်များဖွင့်လှစ်လုပ်ကိုင်နေခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးကြသည်။

လမ်းဘေးဈေးသည်များအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ရောင်းချခြင်း ရှိ/မရှိနှင့် ဆိုင်စားရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် လမ်းဘေးဈေးသည်များအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ရောင်းချခြင်း ရှိ/မရှိနှင့် ဆိုင်စားရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခြင်းအား စက်တင်ဘာ ၂၂ ရက် ည ၇ နာရီက စတင်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အောင်မြေသာစံမြို့နယ် အခွန်ဌာန ကျူးရှင်းလင်းရေးအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့က ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညို မြို့နယ် ရဲတပ်ဖွဲ့မှ ယနေ့နံနက် (၇) နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများသို့ နှာခေါင်းစည်း (Mask)များလှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေ ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား မြို့နယ်အတွင်းရှိ Community Base Quarantine Centre သုံးခုတို့တွင် အသွားအလာကန့်သတ်ကာ သီးခြားနေထိုင် စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများသို့ မြို့မပရဟိတ လူငယ်အဖွဲ့ဝင်များက (အလှူရှင်များကိုယ်စား) နှာခေါင်းစည်း(Mask)များကို သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

မန်ကန်မြို့၌ အမုန်းစကားဖန်တီးမှုများကို ကင်းရှင်းစေရန် အမုန်းစကား အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမုန်းစကား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မန်ကန်မြို့တွင်း ရပ်ကွက်များနှင့် မြို့ဝင်/ထွက် ဂိတ်တွင် အခမဲ့ဖြန့်ဝေခဲ့သည်။

ချောက်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်က ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊‌ ချောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်နေ ကြသည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်း တာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန် နေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရူံခန်း၌ ကျင်းပသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အခမဲ့ဖျားနာကုဆေးခန်းသို့ အောင်ဆီဂျင်ဘူး၊ Maskနှင့် အာဟာရများကို ချစ်သောရန်ကုန်အဖွဲ့မှ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၂)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အခမဲ့ဖျားနာကုဆေးခန်းသို့ အောင်ဆီဂျင်ဘူး၊ နှာခေါင်းစည်း Maskနှင့် အာဟာရများကို ယမန်နေ့ မွန်းလွဲပိုင်းက ချစ်သောရန်ကုန်အဖွဲ့က လာရောက်လှူဒါန်းသည်။
Subscribe to