ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၂၃

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က မြို့နယ်အတွင်းရှိ လမ်းသွယ် များနှင့် လမ်းမများအား အဝင်အထွက်၊ သွားလာမှုများ စိစစ်ဆောင်ရွက်ရန်၊ မလိုအပ်ဘဲခရီးသွား လာခြင်း မပြုကြရန်၊ ပြည်သူများ နေအိမ်တွင်သာ  နေထိုင်ကြရန်(Stay At Home)၊ မိမိတို့ ရပ်ကွက်၊ လမ်းများတွင် နေထိုင်သည့် ပြည်သူများ ဖျားနာမှုရှိပါက သတင်းပို့၍ ကျန်းမာရေးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိ စျေးများကိုလည်း စားသောက်ကုန်နှင့် သားငါး၊ ကုန်စိမ်းဆိုင်များ၊ ဆေးဆိုင်များသာ ဖွင့်လှစ်သွားရန်၊ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန်တို့ကို ပြည်သူများသိရှိစေရန် စဉ်ဆက်မပြတ် နှိုးဆော် ဆောင်ရွက်ရန် ၊ မြို့နယ်အတွင်းပိုးတွေ့လူနာများ များပြားလာတာဖြစ်တဲ့ အတွက် ပိုးတွေ့လူနာ များနှင့်ထိစပ်မှုရှိ သူမိသားစုဝင်များ၊ ဆက်စပ်မှုရှိသူများထားရှိရန်အတွက် တတိယမြောက် စင်တာတစ်ခု ထပ်မံဖွင့် လှစ်နိုင်ရန်၊ ​စားသောက်ဆိုင်များအား(လုံးဝ) ဖွင့်လှစ် ရောင်းချခြင်း မပြုရန်၊ စည်းကမ်းလိုက်နာမှုမရှိသည့်ဆိုင်များအား ထိရောက်စွာ အရေးယူဆောင် ရွက်ရန်နှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်ရန် အတွက် အသိပေးနှိုး ဆော်မှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်၊ ရပ်ကွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များမှ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)