ကျောက်ထုမြို့နယ်တွင် အိမ်သုံးဝါးထရံများအား တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချပြီး မိသားစု ဝင်ငွေရရှိ

ကျောက်ထု စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်တွင် တင်းဝါးအသုံးပြုလျက် ဝါးထရံရက်လုပ်ခြင်းဖြင့် ရက်လုပ်ရောင်းချသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် မိသားစုဝင်ငွေ ရရှိကြောင်း သိရသည်။

ထိုသို့ရက်လုပ်ရာတွင် ဒေသတွင်ပေါက်ရောက်သည့် တင်းဝါး၊ မျှင်ဝါး၊ ကသောင်းဝါးနှင့် တိုက်ဝါးတို့ဖြင့် ရက်လုပ်နိုင်သော်လည်း တင်းဝါးဖြင့် ရက်လုပ်သည့် ဝါးထရံများကို အများနှစ်သက်ကြသည်ဟု သိရသည်။

“တင်းဝါးတစ်လုံးလျှင် ဒေသပေါက်ဈေး (၅၀၀)ကျပ်နှုန်းရှိပါတယ်၊  ဝါးတစ်လုံးအား လေးခြမ်းခွဲစိတ်လျက် တစ်ခြမ်းလျှင် အလွှာသုံးလွှာ ဓားဖြင့် ခွဲစိတ်ပြီးယက်လုပ်ရသည်။ ယက်လုပ်ပြီးလျှင် အလျား (၁၅)ပေ၊ အနံ(၈)ပေ တစ်ချပ်လျှင်ငွေကျပ် နှစ်သောင်းနှစ်ထောင်နှုန်းဖြင့် ရောင်းရ ပါတယ်” ဟု ဝါးထံရံယက်လုပ်သူ ဦးမိုးအေးက ပြောသည်။

အဆိုပါ ဝါးထံရံများ ရက်လုပ်ခြင်း၊ ခွဲခြမ်းပြုလုပ်ကြခြင်းများအတွက် လေ့လာသင်ကြားလိုလျင် လည်း အခမဲ့ သင်ကြားပေးနေကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)