ကန့်ဘလူ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက်ပိုင်း က နေအိမ်ပြင်ပ ထွက်ခွာ လာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှဒရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နေ့စဉ်နံနက် ၆ နာရီ မှ ည ၉ နာရီ အထိ အလှည့်ကျ တာဝန်ဖြင့် မြို့တွင်းဝင်ရောက်လာသူများ၏ နေရပ်လိပ်စာများ စာရင်း ကောက်ယူခြင်း၊ ခရီးသွားရာဇဝင်များ ကောက်ယူခြင်း၊ အပူချိန်တိုင်း တာစစ်ဆေးခြင်း များနှင့် နှာခေါင်စည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူ (၁၃) ဦးကို ကန့်ဘလူမြို့မ ရဲစခန်းမှူးက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မအရ တရားလိုပြုလုပ်ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)