ကျုံပျော် စက်တင်ဘာ ၂၃
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် တွင် အပြင်ထွက် သွားလာပါက နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေးကို နေ့စဉ်အသိပေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများက မြို့၏ လူစည်ကားရာနေရာ ဖြစ်သည့် မြို့မဈေးရှေ့တွင် စောင့်ဆိုင်း၍ အပြင်ထွက်ပါက Mask စနစ်တကျ တပ်ဆင်သွားလာရေးကို အသံဖွင့်လှုံ့ဆော်ခြင်း၊ အသိပေးခြင်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ Mask တပ်ဆင်ရေး လှုပ်ရှားမှုကို ကျုံပျော်မြို့နှင့် မြို့နယ်အတွင်းရှိ အထောင်မြို့အပါအဝင် ကျေးရွာအုပ်စုများ တွင်လည်း သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ဆောင်ရွက်လျက် ရှိကြောင်း၊ နှာခေါင်းစည်း Mask မပါရှိသူများကိုလည်း ယခုဝယ် ယခုတပ်စနစ် ဆောင်ရွက်ပေးလျက်ရှိကာ ရောဂါကာကွယ်ရေး ပေါ့ဆမှုမရှိစေရန် အတွက် လည်း အသိပညာပေး လှုံ့ဆော်ခြင်းများကို ဒေသအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)