ကျောင်းကုန်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးမှုကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ယခု ကိုဗစ်-၁၉ ကာလအတွင်းဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်စေရန်လည်း အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်း(၃၀)ဦးအား တစ်ဦးလျှင် ဆန်(၆)ပြည်၊ ပဲဆီ (၅၀) သားတစ်ဘူး၊ ကြက်သွန်အနီ(၁)ပိသာ၊ ကုလားပဲ(၁)ပိသာတို့ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြ ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)