တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရယူခြင်းများဆောင်ရွက်

ရန်ကုန်  စက်တင်ဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Centre တွင် Quarantine နေထိုင်ရမည့်သူများကို ၁၉-၉-၂၀၂၀ ရက်နေ့  ညနေ ၄:၀၀အချိန်မှ စတင် လက်ခံခဲ့ပြီး ၂၁-၉-၂၀၂၀ ရက်နေ့ ညနေ ၄:၁၅ အချိန်တွင် စတင်၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ်   Swab  ဓာတ်ခွဲခန်းနမူနာရယူခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉  Mobile  Swab  Van မှ  လာရောက်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် Community Based Facility Quarantine Centre  တွင် Primary  Contact  ( ၆၈  ) ဦး  တို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab  ရယူ၍  ကိုဗစ်-၁၉ ရောဂါ  တွေ့ရှိမှု ရှိ/မရှိ တို့အား ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် (ပထမအကြိမ်) အဖြစ် လာရောက် ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ  တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီ စေတနာ လုပ်အားရှင်များ၊ Volunteer များ၊ လူမှုကူညီရေးအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ က  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Centre တွင် လိုအပ်သောလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မို့မို့အောင်(ပြန်/ဆက်)