ဖလမ်း စက်တင်ဘာ ၂၃
နိုင်ငံတစ်ဝန်းရှိ အသက်(၉)နှစ်မှ (၁၀)အတွင်း မိန်းကလေးငယ်များအား အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံမည့်ရက်ကို ကိုဗစ်-၁၉ရောဂါကြောင့် ယာယီ ရက်ရွှေ့ဆိုင်းထားကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (သားအိမ်ခေါင်း ကင်ဆာ) ကာကွယ်ဆေး ထိုးနှံမည့် အသက်(၉)နှစ်မှ (၁၀)အတွင်း မိန်းကလေးငယ်များ၏စာရင်းကို ကျန်းမာရေး ဝန်ထမ်းများက သြဂုတ်လအတွင်း စာရင်းကောက်ယူခဲ့ပြီး ဖလမ်းမြို့နယ်အတွင်းတွင် ကာကွယ်ဆေးထိုးနှံမည့် မိန်းကလေးငယ် (၅၉၃)ဦးရှိသည်။
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး စတင် ထိုးနှံမည့်ရက်ကို မူလက စက်တင်ဘာ ၂၀ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့သို့ ယာယီရွှေ့ဆိုင်း ထားကြောင်း သိရသည်။
ဂျွန်