(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှာခေါင်းစည်း(Mask) အခုရေ (၇၀၀၀) ဖြန့်ဝေလှူဒါန်း

ဟင်္သာတ စက်တင်ဘာ ၂၃

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယမန်‌နေ့က အမှတ်(၈၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ဟင်္သာတ)တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှေ့တွင် လမ်းသွား/ လမ်းလာ ပြည်သူများကို နှာခေါင်း စည်း (Mask) များ အခမဲ့ဖြန့်ဝေလှူဒါန်းခဲ့သည်။

ထို့သို့လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ကြည်၊ အမှတ်(၈၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ရုံး(ဟင်္သာတ)မှ ခရိုင်တာဝန်ခံ ရဲအုပ်လူလှတို့ ဦးဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ပူးပေါင်း အဖွဲ့များက ခရီးသွား၊ ရုံးသွား၊ ဈေးသွားစသည့် ပြည်သူများနှင့် မော်ယာဉ်အသုံးပြုသွားလာ ကြသူများကို နှာခေါင်း စည်းများလှူဒါန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်တော်ပြန်နှင့် ပြည်တွင်းပြန် စောင့်ကြည့်ရေး စင်တာများကို နှာခေါင်းစည်းများလှူဒါန်းခြင်းတို့ဖြင့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုစုပေါင်း နှာခေါင်းစည်း(Mask)အ ခုရေ (၇၀၀၀)ကို ဖြန့်ဝေလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)