ဆီဆိုင်မြို့နယ်၌ မသန်စွမ်းသူများအား အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေပေးအပ်

ဆီဆိုင် စက်တင်ဘာ   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ (၅) ရွာမှ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်း က အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေး ခဲ့သည်။

ယင်းသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကုန်းဆွတ်ကျေးရွာအုပ်စုစာရေး ဦးကျော်ဝင်းဦး နှင့် ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီတို့က ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းသာကျေးရွာ၊ သပြေကုန်း ကျေးရွာ၊ မကောက် (အနောက်) ကျေးရွာ၊ နောင်ယွေး(အနောက်)ကျေးရွာနှင့် မြေနီကျေးရွာတို့ရှိ မသန်စွမ်းကျား(၂)ဦး၊ မ(၄)ဦး တို့အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေ (၁၈၀,၀၀၀) ကျပ်ကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)